ݺߣ

ݺߣShare a Scribd company logo
သဲအင်းဂူ ဆရာတော်ဘုရားကြီး -ေđěįĕ္ပတ္တိ
ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် အလောင်း အလျာကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နှောကုန်း
ကျေးရွာနေ ဦးသော်တာ၊ ဒေါ်မယ်အံ့တို့မှ ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ တနင်္ဂနွေနေ့ နံနက်
(၈:၀၀)နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင် တော်မူပါသည်။ မွေးချင်း (၇)ယောက် ရှိသည်တွင်
တတိယမြောက် သားရတနာ ဖြစ်ပါသည်။
ဆရာတော် အလောင်းလျာကို မိဘများမှ အသက်အရွယ် ငယ်စဉ်ကပင် ကျောင်းထား စာသင် စေခဲ့သော်လည်း
စာပေပညာ ထူးချွန်စွာ တတ်မြောက်ခြင်း မရှိခဲ့ဘဲ မြန်မာစာ သင်ပုန်းကြီး အဆင့်ဖြင့် ဘုန်းကြီးကျောင်းမှ
ကျောင်းထွက် ခဲ့ရပါသည်။
ဆရာတော် အလောင်း အလျာသည် အသက်(၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ်
တိုင်အောင် ကောင်းဆိုး နှစ်ထွေ ရောပြွန်းသည့် လောကီဓမ္မ သဘာဝ တရားများကို တွေ့ကြုံ ခံစား ခဲ့ရပါသည်။
ဤသို့ သဘာဝ လောကဓံကို ကြံ့ကြံ့ခံ၍ ရုန်းကန် တက်လှမ်း ခဲယဉ်းစွာ ဖြတ်သန်းခဲ့ရသော ဆရာတော်
အလောင်း အလျာသည် သုံးဝဋ် နှောင်အိမ် ဒုက္ခစက် အရှိန်မှ လွတ်မြောက်ရန် အချိန် တန်ပြီ ဖြစ်သောကြောင့်
တစ်နေ့သော အခါတွင် စွန်းလွန်းဂူ ကျောင်း ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိ စာအုပ်ကို အကြောင်းပြု၍
သတိတရားရပြီး မ္မေသံဝေဂ ဖြစ်ခဲ့ပါသည်။
ဆရာတော် အလောင်းလျာသည် သံဝေဂရပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ကျောင်းကလေး
သိမ်အတွင်းဝယ် (၁၃၂၁) ခုနှစ်၊ တော်သလင်း လဆန်း (၆)ရက်၊ တနလာင်္နေ့တွင် စတင်၍ သတိပဋ္ဌာန်
တရားကို မနားမနေ ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ
၁၃၂၁ခုနှစ် တော်သလင်း လဆန်း (၁၁)ရက် စနေနေ့ မွန်းလွဲသာသာ အချိန်တွင် ပထမမဂ်ကို လည်းကောင်း၊
၁၃၂၁ခုနှစ် သီတင်းကျွတ် လဆန်း (၉)ရက် စနေနေ့၊ အမကြီး ဒေါ်ဖွားစိန်၏ ခြံ အုန်းနှဲပင် အောက်တွင်
ဒုတိယမဂ်ကို လည်းကောင်း၊
၁၃၂၁ခုနှစ် တပေါင်း လပြည့်ကျော်(၄)ရက် အင်္ဂါနေ့ ညနေ (၃)နာရီ အချိန် အုန်းနှဲပင်နှင့် မနီးမဝေး
အနောက်မြောက် အရပ်နေရာ၌ တတိယမဂ် ကိုလည်းကောင်း ရရှိတော် မူပါသည်။
ဆရာတော် အလောင်းလျာသည် တတိယမဂ်ကို ရပြီးသည့် အချိန် မှစ၍ ဖြူနီကြောင်ကြား အ၀တ်များ
ဝတ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူ အ၀တ်ကိုသာ ၀တ်ဆင် ပါတော့သည်။ အနာဂတ် ကာလတွင်
ဖြစ်ပေါ်လာမည့် အာရုံ နမိတ်ထူး များကိုလည်း မြင်၍ ကြိုတင်ကာ မိန့်မြွက်ခဲ့သည်မှာ-
နှောကုန်း ကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်း ကုန်းမြေ နေရာတွင် ကြက်ပျံမကျ စည်ကားသော
ကျောင်းတိုက်ကြီး ဖြစ်ပေါ် လာလိမ့်မည်။
ဤ ကျောင်းတိုက်ကြီးသည် သာသနာ့ မဏ္ဍိုင်ကြီး ဖြစ်ပြီး လာရောက် နှီးနှော ကြလိမ့်မည် ဟူသော
စကားတော်များ ဖြစ်ပါသည်။
ဆရာတော် အလောင်းလျာသည် ပိတ်ဖြူဝတ်နှင့် တစ်နှစ်မျှ နေပြီးနောက် နတ်ဗြဟ္မာများ၏ တောင်းပန်
လျှောက်ထားချက်ကို လက်ခံကာ ရဟန်းဝတ်ရန် ၀န်ခံပြီး ၁၃၂၂ခုနှစ် တပေါင်းလတွင် မယ်တော်ကြီး
ဒေါ်မယ်အံ့နှင့် မှော်ဘီမြို့နေ ဦးစုရ အမှူးပြုသော ဒါယိကာ၊ ဒါယိကာမများ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ
နှောကုန်းကျေးရွာ ခဏ္ဍာသိမ်တော် အတွင်း၌ ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တပညိန္ဒြိယကို ဥပဇ္ဈာယ်ပြု၍
မြင့်မြတ်သော အထက်တန်း ရဟန်းအဖြစ် ရရှိကာ ဦးဥက္ကဌ ဟူသော ဘွဲ့အမည်ကို ရတော် မူခဲ့ပါသည်။
ရဟန်း ဖြစ်ချိန် မှစ၍ ဆရာတော်သည် တရားကို မနားမနေ ဆက်လက်ပြီး ပွားများ အားထုတ်ခဲ့ရာ
၁၃၂၃ခုနှစ် နယုန် လပြည့်ကျော် (၂)ရက် စနေနေ့ နံနက် (၈:၀၀) နာရီနှင့် (၉:၀၀)နာရီ ကြားအချိန်တွင်
မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ နေအိမ်တွင် စတုတ္ထမဂ်ကို ရရှိတော် မူခဲ့ပါသည်။ ၁၃၂၃ခုနှစ် ၀ါဆိုလပြည့်နေ့
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်းကုန်းဟု ရှေ့လူတို့
ခေါ်ဆိုခဲ့သော မြေနေရာတွင် သဲအင်းဂူ ၀ိပဿနာ ကမ္မဌာန်း ကျောင်းတိုက်ကြီးကို ကျေးဇူးရှင် သဲအင်းဂူ
ဆရာတော် ဘုရားကြီးမှ စတင် တည်ထောင်တော် မူခဲ့ပါသည်။
ဤသို့ လေးမဂ် လေးဖိုလ်ကို ရရှိတော်မူသော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီးသည် သတ္တ၀ါ
ဝေနေယျ အပေါင်းတို့ အပေါ် မေတ္တာ ကရုဏာ၊ ရှေ့ရှု ကာဖြင့် မြန်မာပြည် တ၀ှမ်း အနယ်နယ် အရပ်ရပ်မှ
ပင့်လျှောက် လာသော ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့အား မိမိ သိမြင်ထားသော တရားများဖြင့် သာမန်
သူတို့ နားလည်နိုင်သော မြန်မာစကား အသုံးအနှုန်းဖြင့် မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန် မြင်သည့် တိုင်အောင်
ဟောကြား ပြသတော် မူခဲ့ပါသည်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပဋိပတ္တိ သာသနာတော်ကို အသက်နှင့် ခန္ဓာ မငဲ့ညှာပဲ မနားမနေ
ကြိုးပမ်း ထမ်းဆောင်တော် မူခဲ့သော ကျေးဇူး တော်ရှင် သဲအင်းဂူ ဆရာတော်ကြီးသည် သက်တော် (၆၁) နှစ်
သိက္ခာတော် (၁၂)၀ါ သာသနာပြုနှစ် (၁၁) နှစ်အရ ၁၃၃၅ ခုနှစ် ၀ါဆိုလဆန်း (၉)ရက် တနင်္ဂနွေနေ့ ညနေ
(၄:၄၅) နာရီ အချိန်တွင် ဘ၀ သံသရာဝဋ် ဒုက္ခ ခန္ဒာဇာတ် သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။
၁၃၂၃ ခုနှစ် နတ်တော် လဆန်း (၁)ရက် တနင်္ဂနွေနေ့ (၂၃.၁၂.၁၉၆၁) တွင် ဆရာတော်အား သံလျင်တောရ
ကျောင်းသို့ တရား စစ်ဆေးရန် ပင့်ဆောင် သွားစဉ် ရာေ ထာင် မကသော လူထုကြီးက ဆရာတော်
ကောင်းကင်ပေါ်၌ "ဈာန်ပျံ" နေသည်ကို တွေ့မြင်ခဲ့ ကြပါသည်။
ဆရာတော်အား တရားဟောရန် "ဗြဟ္မာကြီး သုံးဦး" က လူယောဂီ အသွင်ဖြင့် လာရောက်ကန်တော့
တောင်းပန်ခဲ့ ကြပါသည်။
ဆရာတော်သည် တပါးသူ၏ စိတ်ထဲတွင် ကြံစည်နေသော အရာအားလုံးကို သိမြင်နိုင်ကြောင်း မိန့်တော်မူ
ခဲ့ပါသည်။ အတိတ်နှင့် အနာဂါတ်ကိုလည်း သိမြင်ပါသည်။
ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာမည်။ "မှော်ဘီသို့ သွားသော ပေတစ်ရာ လမ်းမကြီး ဖြစ်ပေါ်လာမည်။
လျှပ်စစ်မီးတွေရောက် ရှိလာမည်" ဟု မိန့်တော်မူခဲ့ရာ ယနေ့ ဖြစ်ပေါ် နေပါပြီ။

More Related Content

သဲအင်းဂူေđěįĕ္ပတ္တိ

  • 2. ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် အလောင်း အလျာကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နှောကုန်း ကျေးရွာနေ ဦးသော်တာ၊ ဒေါ်မယ်အံ့တို့မှ ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ တနင်္ဂနွေနေ့ နံနက် (၈:၀၀)နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင် တော်မူပါသည်။ မွေးချင်း (၇)ယောက် ရှိသည်တွင် တတိယမြောက် သားရတနာ ဖြစ်ပါသည်။ ဆရာတော် အလောင်းလျာကို မိဘများမှ အသက်အရွယ် ငယ်စဉ်ကပင် ကျောင်းထား စာသင် စေခဲ့သော်လည်း စာပေပညာ ထူးချွန်စွာ တတ်မြောက်ခြင်း မရှိခဲ့ဘဲ မြန်မာစာ သင်ပုန်းကြီး အဆင့်ဖြင့် ဘုန်းကြီးကျောင်းမှ ကျောင်းထွက် ခဲ့ရပါသည်။ ဆရာတော် အလောင်း အလျာသည် အသက်(၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ် တိုင်အောင် ကောင်းဆိုး နှစ်ထွေ ရောပြွန်းသည့် လောကီဓမ္မ သဘာဝ တရားများကို တွေ့ကြုံ ခံစား ခဲ့ရပါသည်။ ဤသို့ သဘာဝ လောကဓံကို ကြံ့ကြံ့ခံ၍ ရုန်းကန် တက်လှမ်း ခဲယဉ်းစွာ ဖြတ်သန်းခဲ့ရသော ဆရာတော် အလောင်း အလျာသည် သုံးဝဋ် နှောင်အိမ် ဒုက္ခစက် အရှိန်မှ လွတ်မြောက်ရန် အချိန် တန်ပြီ ဖြစ်သောကြောင့် တစ်နေ့သော အခါတွင် စွန်းလွန်းဂူ ကျောင်း ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိ စာအုပ်ကို အကြောင်းပြု၍ သတိတရားရပြီး မ္မေသံဝေဂ ဖြစ်ခဲ့ပါသည်။
  • 3. ဆရာတော် အလောင်းလျာသည် သံဝေဂရပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ကျောင်းကလေး သိမ်အတွင်းဝယ် (၁၃၂၁) ခုနှစ်၊ တော်သလင်း လဆန်း (၆)ရက်၊ တနလာင်္နေ့တွင် စတင်၍ သတိပဋ္ဌာန် တရားကို မနားမနေ ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ ၁၃၂၁ခုနှစ် တော်သလင်း လဆန်း (၁၁)ရက် စနေနေ့ မွန်းလွဲသာသာ အချိန်တွင် ပထမမဂ်ကို လည်းကောင်း၊ ၁၃၂၁ခုနှစ် သီတင်းကျွတ် လဆန်း (၉)ရက် စနေနေ့၊ အမကြီး ဒေါ်ဖွားစိန်၏ ခြံ အုန်းနှဲပင် အောက်တွင် ဒုတိယမဂ်ကို လည်းကောင်း၊ ၁၃၂၁ခုနှစ် တပေါင်း လပြည့်ကျော်(၄)ရက် အင်္ဂါနေ့ ညနေ (၃)နာရီ အချိန် အုန်းနှဲပင်နှင့် မနီးမဝေး အနောက်မြောက် အရပ်နေရာ၌ တတိယမဂ် ကိုလည်းကောင်း ရရှိတော် မူပါသည်။
  • 4. ဆရာတော် အလောင်းလျာသည် တတိယမဂ်ကို ရပြီးသည့် အချိန် မှစ၍ ဖြူနီကြောင်ကြား အ၀တ်များ ၀တ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူ အ၀တ်ကိုသာ ၀တ်ဆင် ပါတော့သည်။ အနာဂတ် ကာလတွင် ဖြစ်ပေါ်လာမည့် အာရုံ နမိတ်ထူး များကိုလည်း မြင်၍ ကြိုတင်ကာ မိန့်မြွက်ခဲ့သည်မှာ- နှောကုန်း ကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်း ကုန်းမြေ နေရာတွင် ကြက်ပျံမကျ စည်ကားသော ကျောင်းတိုက်ကြီး ဖြစ်ပေါ် လာလိမ့်မည်။ ဤ ကျောင်းတိုက်ကြီးသည် သာသနာ့ မဏ္ဍိုင်ကြီး ဖြစ်ပြီး လာရောက် နှီးနှော ကြလိမ့်မည် ဟူသော စကားတော်များ ဖြစ်ပါသည်။ ဆရာတော် အလောင်းလျာသည် ပိတ်ဖြူဝတ်နှင့် တစ်နှစ်မျှ နေပြီးနောက် နတ်ဗြဟ္မာများ၏ တောင်းပန် လျှောက်ထားချက်ကို လက်ခံကာ ရဟန်းဝတ်ရန် ၀န်ခံပြီး ၁၃၂၂ခုနှစ် တပေါင်းလတွင် မယ်တော်ကြီး ဒေါ်မယ်အံ့နှင့် မှော်ဘီမြို့နေ ဦးစုရ အမှူးပြုသော ဒါယိကာ၊ ဒါယိကာမများ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ နှောကုန်းကျေးရွာ ခဏ္ဍာသိမ်တော် အတွင်း၌ ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တပညိန္ဒြိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော အထက်တန်း ရဟန်းအဖြစ် ရရှိကာ ဦးဥက္ကဌ ဟူသော ဘွဲ့အမည်ကို ရတော် မူခဲ့ပါသည်။ ရဟန်း ဖြစ်ချိန် မှစ၍ ဆရာတော်သည် တရားကို မနားမနေ ဆက်လက်ပြီး ပွားများ အားထုတ်ခဲ့ရာ ၁၃၂၃ခုနှစ် နယုန် လပြည့်ကျော် (၂)ရက် စနေနေ့ နံနက် (၈:၀၀) နာရီနှင့် (၉:၀၀)နာရီ ကြားအချိန်တွင် မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ နေအိမ်တွင် စတုတ္ထမဂ်ကို ရရှိတော် မူခဲ့ပါသည်။ ၁၃၂၃ခုနှစ် ၀ါဆိုလပြည့်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်းကုန်းဟု ရှေ့လူတို့ ခေါ်ဆိုခဲ့သော မြေနေရာတွင် သဲအင်းဂူ ၀ိပဿနာ ကမ္မဌာန်း ကျောင်းတိုက်ကြီးကို ကျေးဇူးရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီးမှ စတင် တည်ထောင်တော် မူခဲ့ပါသည်။ ဤသို့ လေးမဂ် လေးဖိုလ်ကို ရရှိတော်မူသော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီးသည် သတ္တ၀ါ ဝေနေယျ အပေါင်းတို့ အပေါ် မေတ္တာ ကရုဏာ၊ ရှေ့ရှု ကာဖြင့် မြန်မာပြည် တ၀ှမ်း အနယ်နယ် အရပ်ရပ်မှ ပင့်လျှောက် လာသော ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့အား မိမိ သိမြင်ထားသော တရားများဖြင့် သာမန် သူတို့ နားလည်နိုင်သော မြန်မာစကား အသုံးအနှုန်းဖြင့် မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန် မြင်သည့် တိုင်အောင် ဟောကြား ပြသတော် မူခဲ့ပါသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပဋိပတ္တိ သာသနာတော်ကို အသက်နှင့် ခန္ဓာ မငဲ့ညှာပဲ မနားမနေ ကြိုးပမ်း ထမ်းဆောင်တော် မူခဲ့သော ကျေးဇူး တော်ရှင် သဲအင်းဂူ ဆရာတော်ကြီးသည် သက်တော် (၆၁) နှစ် သိက္ခာတော် (၁၂)၀ါ သာသနာပြုနှစ် (၁၁) နှစ်အရ ၁၃၃၅ ခုနှစ် ၀ါဆိုလဆန်း (၉)ရက် တနင်္ဂနွေနေ့ ညနေ (၄:၄၅) နာရီ အချိန်တွင် ဘ၀ သံသရာဝဋ် ဒုက္ခ ခန္ဒာဇာတ် သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။
  • 5. ၁၃၂၃ ခုနှစ် နတ်တော် လဆန်း (၁)ရက် တနင်္ဂနွေနေ့ (၂၃.၁၂.၁၉၆၁) တွင် ဆရာတော်အား သံလျင်တောရ ကျောင်းသို့ တရား စစ်ဆေးရန် ပင့်ဆောင် သွားစဉ် ရာေ ထာင် မကသော လူထုကြီးက ဆရာတော် ကောင်းကင်ပေါ်၌ "ဈာန်ပျံ" နေသည်ကို တွေ့မြင်ခဲ့ ကြပါသည်။ ဆရာတော်အား တရားဟောရန် "ဗြဟ္မာကြီး သုံးဦး" က လူယောဂီ အသွင်ဖြင့် လာရောက်ကန်တော့ တောင်းပန်ခဲ့ ကြပါသည်။ ဆရာတော်သည် တပါးသူ၏ စိတ်ထဲတွင် ကြံစည်နေသော အရာအားလုံးကို သိမြင်နိုင်ကြောင်း မိန့်တော်မူ ခဲ့ပါသည်။ အတိတ်နှင့် အနာဂါတ်ကိုလည်း သိမြင်ပါသည်။ ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာမည်။ "မှော်ဘီသို့ သွားသော ပေတစ်ရာ လမ်းမကြီး ဖြစ်ပေါ်လာမည်။ လျှပ်စစ်မီးတွေရောက် ရှိလာမည်" ဟု မိန့်တော်မူခဲ့ရာ ယနေ့ ဖြစ်ပေါ် နေပါပြီ။